“ဗန်ဒါဆန် ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ မိုနာကိုအသင်း”
01 Oct
မိုနာကိုအသင်းဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဗန်ဒါဆန် ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဗန်ဒါဆန် ဟာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ၂၀၂၃ ခုနှစ်က ရွေးချယ်ခံခဲ့ရသူဖြစ်ပေမယ့် ၈ ပွဲမြောက် ကစားခွင့်ရတဲ့ သြစတြေးလျနဲ့ခြေစမ်းပွဲမှာမှ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းက ဗန်ဒါဆန် ကို ၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂရီမီယိုအသင်းကနေ ယူရို ၁၁ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။ ဗန်ဒါဆန် က မိုနာကိုအသင်းအတွက် ပြိုင်ပွဲစုံ ၁၅၄ ပွဲကစားကာ ၈ ဂိုးသွင်းယူပေးထားပြီး အသင်းရဲ့ အမာခံကစားသမားအဖြစ် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိထား ပါတယ်။ ဘာစီလိုနာနဲ့ မန်ယူအသင်းတို့က ဗန်ဒါဆန် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ (NVS 008)
01 Oct