“အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တတိယအသက်အငယ်ဆုံးကစားသမားအဖြစ် အန်ဂူမိုဟာ မှတ်တမ်းဝင်”
01 Oct
အင်္ဂလန်အသင်းရဲ့ တောင်ပံကစားသမား အန်ဂူမိုဟာ အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ တတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အန်ဂူမိုဟာ ဟာ ချက်အသင်းကို အနိုင်ရခဲ့တဲ့ Nations League ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး အသက် ၁၈ နှစ် နဲ့ ၃၁ ရက်သာ ရှိသေးတာကြောင့် တတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်အသင်း အတွက် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားက ဝိန်းရွန်နီ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က လက်ချင်စတိန်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ အသက် ၁၇ နှစ် ၁၅၆ ရက် ဖြင့် စံချိန်တင်ထားတာပါ။ ဒုတိယအသက်အငယ်ဆုံး ကစားသမားကတော့ ဘယ်လင်ဂမ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဆန်မာရီနိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသက် ၁၇ နှစ်၊ ၂၆၉ ရက်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
01 Oct