“မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းကို အစိမ်းရောင်အဆင့်သတ်မှတ်”

01 Oct

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာလ ၃၀ ရက် ညနေ ၅ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းအား အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်တို့ကို ဖြတ်ကျော်ခဲ့တဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းက မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းက မြောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .