“မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်စစ်ရေယာဉ်များနဲ့ မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်”
01 Oct
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက် ခဲ့တဲ့အတွက် ပြစ်ဒဏ်များကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါမြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်) နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့က မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်မှာ ရောက်ရှိခဲ့ကြပါတယ်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး(ကြည်း၊ ရေ၊ လေ)တို့က မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများထံမှ မြန်မာနိုင်ငံသားများကို စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်မှာ အဆိုပါစစ်ရေယာဉ်များက မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။ (NVS 008)