“အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကျင်းပ”

01 Oct

အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်)ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို စက်တင်ဘာလ ၂၉ ရက်က နေပြည်တော်ရှိ MGallery Hotel မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အဆိုပါဖိုရမ်သို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်ပြီး ဝန်ကြီးဌာန ၁၉ ခု၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် UMFCCI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ တရုတ်ဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါတယ်။ ဖိုရမ်မှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်း တိုက်ဖျက်ရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး မြှင့်တင်ရေး၊ လေကြောင်းလိုင်းများတိုးချဲ့ပြေးဆွဲရေး၊ MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ချစ်ကြည်ရေး ညီအစ်မမြို့များအကြား ဖလှယ်ရေးအစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲများအပြီးမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက ဖိုရမ်ဆိုင်ရာ အစည်းအဝေး မှတ်တမ်း (Agreed Minutes)ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .