“ဂျပန်အနေဖြင့် နျူကလီးယားလက်နက်မပိုင်ဆိုင်ရေး အခြေခံမူကိုလိုက်နာရန် တရုတ်တိုက်တွန်း”

01 Oct

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပိုင်ဆိုင်ရေး အခြေခံမူသုံးရပ်ကိုလိုက်နာရန်နှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကြိုးပမ်းမှုများကို စွန့်လွှတ်ရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂိုကျာခွန်း က ဂျပန်ကာကွယ်ရေးဌာနအကြီးအကဲ၏ နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်နှင့်နျူကလီးယားစွမ်းအင်အသုံးပြု ရေငုပ်သင်္ဘောများပိုင်ဆိုင်ရေး ဆွေးနွေးသင့်ကြောင်း ပြောဆိုမှုအပေါ် ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နျူကလီးယား လက်နက်မပြုလုပ်ရန်၊ မရယူရန်နှင့် မလွှဲပြောင်းရန်စာချုပ်အရ တာဝန်ရှိကြောင်း တရုတ်အစိုးရက ပြောသည်။ ထို့ပြင်ဂျပန်နိုင်ငံ၏ ယင်းသို့နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးဆွေးနွေးမှု များသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နိုင်ငံတကာ လုံခြုံရေးစနစ်နှင့် နျူကလီးယားလက်နက်မပြန့်ပွားရေး စည်းမျဉ်းများကို ထိခိုက်စေနိုင်သည်ဟု တရုတ်က သတိပေးထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Oct

ADVERTISE HERE .