“ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်၏ နောက်ဆုံးအဆင့်သတ်မှတ်ချက်တွင် ဂျန်နစ်ခ်ဆင်နာ နှင့် ရိုင်ဘာကီနာ တို့ ကမ္ဘာ့အဆင့်(၁)နေရာတွင် ကိုယ်စီရပ်တည်”

30 Sep

ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်(WTA)က ထုတ်ပြန်ခဲ့သည့် နောက်ဆုံးကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အီတလီတင်းနစ် ကစားသမား ဂျန်နစ်ခ်ဆင်နာ နှင့် ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ တို့က အဆင့်(၁)နေရာတွင် ကိုယ်စီ ရပ်တည်နေကြောင်း AGTP Tennis သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂျင်နစ်ခ်ဆင်နာ က ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့အတွက် ပြိုင်ပွဲအချို့ကို လွဲချော်ခဲ့သော်လည်း နောက်ဆုံးကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁)နေရာ၌ ဆက်လက်ရပ်တည်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျင်နစ်ခ်ဆင်နာ ရဲ့နောက်တွင် ဂျာမနီတင်းနစ်ကစားသမား ဇီရက်ဖ် က အဆင့်(၂)၊ စပိန်တင်းနစ်ကစား သမား အယ်ကာရက်ဇ် က အဆင့်(၃)၊ အမေရိကန်တင်းနစ်ကစားသမား ဘင်ရှဲလ်တန် က အဆင့်(၄)၊ ကနေဒါတင်းနစ် ကစားသမား ဖီလစ် က အဆင့်(၅) နေရာ တို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။ ထို့အတူ အမျိုးသမီးကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ က ပြီးခဲ့တဲ့ U.S.Open တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးခဲ့ပြီးနောက် ရမှတ် ၉,၉၀၁ မှတ်ဖြင့် အဆင့်(၁)နေရာတွင် ဆက်လက်ဦးဆောင်ခဲ့ကာ ၎င်း၏နောက်တွင် ဘယ်လာရုစ်တင်းနစ်မယ် ဆာဘာလင်ကာ က အဆင့်(၂)၊ အမေရိကန် တင်းနစ်မယ် ပီဂူလာ က အဆင့်(၃)၊ ရုရှားတင်းနစ်မယ် အန်ဒရီဗာ က အဆင့်(၄)၊ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် က အဆင့်(၅)နေရာတို့တွင် အသီးသီးရပ်တည်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

30 Sep

ADVERTISE HERE .