“မန်စီးတီးအသင်းပြဿနာမှာ မိမိနှင့်မဆိုင်ကြောင်း နည်းပြဟောင်း မန်စီနီတုံ့ပြန်”

30 Sep

လက်ရှိ အီတလီအသင်းနည်းပြ မန်စီနီ က မန်စီးတီးအသင်း၏ လက်ရှိဖြစ်ပွားနေသည့် ဘဏ္ဍာရေးစည်းမျဉ်း ပြဿနာများတွင် မိမိနှင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ လက်ရှိတွင် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်သည့် ပြစ်မှု ၁၁၄ ချက် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ပြင်းထန်သည့်အရေးယူခြင်းအား ခံရဖွယ်ရှိနေခြင်းပါတယ်။ နည်းပြ မန်စီနီ အနေနဲ့ မန်စီးတီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ၎င်းလက်ထက်တွင် မန်စီးတီးအသင်းအနေဖြင့် နှစ်ပေါင်း ၄၄ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း ရင်ဆိုင်နေရသည့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုများတွင် ၎င်းကိုင်တွယ်နေသည့် အချိန် ကာလလည်း ပါဝင်နေတဲ့အတွက် ၎င်းအနေဖြင့် မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွင် ပါဝင် ပတ်သက်မှုရှိနေကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

30 Sep

ADVERTISE HERE .