“ပွဲကစားခွင့်နှင့်ပတ်သက်ပြီး နည်းပြ ဂျီးဆပ် နှင့် ရော်နယ်ဒို ဆက်ဆံရေးတင်းမာမှုများရှိနေ”

30 Sep

ပေါ်တူဂီအသင်းနည်းပြ ဂျီးဆပ် နှင့် အသင်းခေါင်းဆောင် စီရော်နယ်ဒို တို့ကြား ပွဲကစားခွင့်နှင့်ပတ်သက်ပြီး ဆက်ဆံရေးတင်းမာမှုများ ရှိနေကြောင်းသိရပါတယ်။ အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒို က ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ၌ ပေါ်တူဂီအသင်း ကစားသမားစာရင်းတွင် ပါဝင်ခဲ့သော်လည်း နော်ဝေအသင်းနှင့် ပေါ်တူဂီအသင်းတို့ကစားသည့် ပွဲစဉ်တွင် စီရော်နယ်ဒို အနေဖြင့် ပွဲကစားခွင့် မရရှိဘဲ အရန်ခုံတွင်သာ ထိုင်ခဲ့ရသည့်အတွက် နော်ဝေအသင်းနှင့်ပွဲစဉ်အပြီးတွင် ၎င်းတို့နှစ်ဦးကြားဆက်ဆံရေး တင်းမာမှုများရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးတွင် စီရော်နယ်ဒို က အသင်းဖော်ကစားသမားများနှင့် ပြိုင်ဘက်အသင်းကစားသမား များကို နှုတ်ဆက်ခြင်းမရှိခဲ့တဲ့အပြင် ပရိသတ်များကိုပင် နှုတ်ဆက်ခဲ့ခြင်းမရှိဘဲ စိတ်ဆိုးသည့်အမူအရာဖြင့် အဝတ်လဲခန်းအတွင်းသို့ ချက်ချင်းထွက်ခွာသွားခြင်းဖြစ်ပါတယ်။ နည်းပြ ဂျီးဆပ် ကိုယ်တိုင်က စီရော်နယ်ဒို ရဲ့ နော်ဝေအသင်းနှင့်ပွဲစဉ်မှ လုပ်ရပ်အတွက် သီးသန့်တွေ့ဆုံပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

30 Sep

ADVERTISE HERE .