“မားကို့စ်လော်ရန်တေးကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများ အပြိုင်စိတ်ဝင်စား”

30 Sep

ပရီးမီးယားလိဂ်ကလပ် အသင်းများဖြစ်သည့် ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီး စသည့် အသင်းများက အက်သလက်တီကိုမက်ဒရစ်အသင်း ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေး ကိုခေါ်ယူရန် အပြိုင် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် မားကို့စ်လော်ရန်တေး က အက်သလက်တီကိုအသင်းနှင့်အတူ ၂၀၁၉-၂ဝ၂ဝ မှ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၀၈ ပွဲကစားပြီး ၃၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းများက အပြိုင်ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ မားကို့စ်လော်ရန်တေး ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားလိုကြောင်း ထုတ် ဖော်ပြောကြားထားကြောင်း သိရပါတယ်။(NVS 008)

30 Sep

ADVERTISE HERE .