“အမေရိကန်နှင့် အီရန်တာဝန်ရှိသူများ ကြားခံစေ့စပ် ညှိနှိုင်းရေးမှူးများနှင့် သီးခြားစီတွေ့ဆုံ”
30 Sep
ခုနစ်လကြာ အီရန်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၈ ရက်တွင် ကြားခံစေ့စပ်ညှိနှိုင်းရေးမှူးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံကာလ၌ အီရန်နိုင်ငံက ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ရပ် တင်ပြထားသော်လည်း ထိုအဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြင်းပယ်ထားသည်။ သို့ရာတွင် အဆိုပါငြိမ်းချမ်းရေး အဆိုပြုချက်နှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ တုံ့ပြန်ချက်ကို ဆက်လက်စောင့်ဆိုင်းနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ က ပြောကြားထားသည်။ အီရန်နိုင်ငံကတင်ပြထားသည့် ငြိမ်းချမ်းရေးအဆိုပြုချက်တွင် အီရန်နှင့် လက်ဘနွန်တို့ကို တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊ သိမ်းယူခံထားရသည့် အီရန်၏ပိုင်ဆိုင်မှုများကို ပြန်ထုတ်ပေးရန်၊ အီရန်ရေနံလုပ်ငန်းအပေါ် ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။ အပြန်အလှန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်ပေးရန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြန်စရန် အီရန်နိုင်ငံက သဘောတူထားကြောင်း သိရသည်။