“World Heart Day အခမ်းအနားကို ကန်သာယာဆေးရုံတွင်ကျင်းပ”
29 Sep
World Heart Day အခမ်းအနားကို ရန်ကုန်မြို့ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ အမှတ်(၈၇)ရှိ ကန်သာယာ အထူးကုဆေးရုံကြီး Lobby Area မှာ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းမှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။ ဦးစွာ ကန်သာယာဆေးရုံကြီးမှ ကုသရေးဌာနကြီးမှူး ဒေါက်တာ ဝင်းမြတ်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ‘နှလုံးစည်းချက် ဘဝတစ်သက်’ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာနှလုံးဌာနမှ ဒေါက်တာ မောင်မောင်၊ ဒေါက်တာ အောင်စည်မျိုး နှင့် ဒေါက်တာ အာကာမိုး တို့က နှလုံးကျန်းမာရေးဆိုင်ရာများ အသိပညာပေး ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး နှလုံးရောဂါစကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒေါက်တာ မောင်မောင်၊ ဒေါက်တာ အောင်စည်မျိုး၊ တေးသံရှင် သီရိဂျေမောင်မောင်နှင့် ဖိတ်ကြားထားသူများမှ နှလုံးရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ နှလုံးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကာကွယ်ရန်နှင့် နှလုံးရောဂါဖြစ်ပေါ် ခံစားရပါက သိရှိလိုက်နာရန် မှတ်သားဖွယ်ရာများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသည့် ဆေးကုမ္ပဏီများမှ နှလုံးရောဂါကုသဆေးများနှင့် ပတ်သက်ပြီး မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ကန်သာယာဆေးရုံအနေနဲ့ American Accreditation Commission International(AACI) မှ ချီးမြှင့်သည့် International Accreditation နှင့် Clinical Excellence Certificate များကိုရရှိခဲ့ပြီး AACI အသိအမှတ်ပြု လက်မှတ်နှင့် Clinical Excellence Certificate ရရှိခြင်းက ဆေးရုံများ၏ ကုသရေးလုပ်ငန်းစဉ်များ၊ လူနာဘေးကင်း လုံခြုံရေးစနစ်များနှင့် ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီကြောင်း အသိအမှတ်ပြုခံရခြင်းဖြစ်ပါတယ်။ ကန်သာယာဆေးရုံကြီး၌ နှလုံးအထူးကုဆရာဝန်ကြီးများနှင့် နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများမှ အဆင့်မြင့် စက်ကိရိယာများဖြင့် စမ်းသပ်ကုသပေးခြင်း၊ ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး သွေးချို/ဆီးချို၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော၊ သားဖွားမီးယပ်၊ မိခင်နှင့်ကလေး ကျန်းမာရေးဝန်ဆောင်မှုများအပြင် အရေးပေါ်ကုသမှုများကိုလည်း ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုများပေးအပ်လျက်ကာ ဖုန်း ၀၁-၇၅၁၅၆၀၁၊ ၀၉-၃၀၅၁၁၁၁၁၊ ၀၉-၃၀၅၃၃၃၃၃ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။ (NVS 008 )