“နောက်ခံလူ ရာမာနီ ကို စာချုပ်သစ်ချုပ်ရန် သဘောတူညီမှုရရှိခဲ့တဲ့ နာပိုလီအသင်း”

29 Sep

နာပိုလီအသင်းဟာ နောက်ခံလူ ရာမာနီ ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး စာချုပ်သစ်ကို လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။ ရာမာနီ ဟာ နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နဲ့ တစ်ရာသီကို ယူရို ၃ ဒသမ ၈ သန်း တန်ဖိုးရှိတဲ့ စာချုပ်သစ်အတွက် စည်းကမ်းချက်တွေကို သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုဆိုဗိုလက်ရွေးစင် ရာမာနီ ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ် အထိ သက်တမ်းရှိနေပေမယ့် အင်္ဂလန်၊ တူကီယဲနဲ့ ဆော်ဒီကလပ်အသင်းတွေဆီက စိတ်ဝင်စားမှုကို ခံနေရတာကြောင့် အခုလိုမျိုး စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ နောက်ခံလူ ရာမာနီ ဟာ အခုရာသီနည်းပြ အယ်လီဂရီ ရဲ့ နာပိုလီအသင်းခံစစ်မှာ အရေးပါတဲ့ ကစားသမား အဖြစ် နေရာရနေသူဖြစ်ပြီး နာပိုလီအသင်းအတွက် အခုရာသီပြိုင်ပွဲစုံ ၆ ပွဲမှာ မိနစ်ပေါင်း ၅၄၀ ပါဝင်ကစားပေးထား သလို ဂိုးဖန်တီးမှုလည်း ၁ ကြိမ် ပြုလုပ်ထားပါတယ်။ အသက် ၃၂ နှစ်အရွယ် ရာမာနီ ဟာ ၂၀၂၀ ခုနှစ်မှာ ဗီရိုနာ အသင်းဆီကနေ အငှားပြန်ရောက်လာပြီး နောက်ပိုင်း နာပိုလီအသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေအဖြစ် ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .