“နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာများရရှိခဲ့တဲ့ အီဆက်ခ်နဲ့ ဂက်ပို”

29 Sep

လီဗာပူးလ်အဓိကတိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့ အီဆက်ခ် နဲ့ ဂက်ပို တို့ဟာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင် ကစားရင်း ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။ အီဆက်ခ် က ပေါင်ဒဏ်ရာ နဲ့ ဂက်ပို က ခြေချင်းဝတ်ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။ အီဆက်ခ် နဲ့ ဂက်ပို တို့ရဲ့ဒဏ်ရာတွေဟာ အသေးစားဒဏ်ရာတွေသာဖြစ်တယ်လို့ သိရပါတယ်။ အီဆက်ခ် ဟာ ရိုမေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာနဲ့ အသင်းလူစာရင်းကနေ နုတ်ထွက် ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ နယ်သာလန်အသင်းကတော့ ဂက်ပို ရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ အခုရာသီမှာ လီဗာပူးလ်ကို အဓိကဦးဆောင်နေပြီး အီဆက်ခ် က ပရီးမီးယားလိဂ် ငါးပွဲမှာ လေးဂိုး၊ ဂက်ပို က နှစ်ဂိုး သွင်းယူထားပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .