“မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က ထုတ်ပယ်ခြင်း သို့မဟုတ် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့ အသင်းဥက္ကဋ္ဌဟောင်း တောင်းဆို”

29 Sep

မန်စီးတီးအသင်းဥက္ကဋ္ဌဟောင်း ဒေးဗစ်ဘန်းစတိန်းက သူ့ရဲ့အသင်းဟောင်းကို ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်က ထုတ်ပယ်ခြင်း သို့မဟုတ် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဘန်းစတိန်း က မန်စီးတီးအသင်းကို ဒဏ်ငွေတပ်ရိုက်ခြင်းမျိုးသာ လုပ်ဆောင်ခဲ့ရင် လုံလောက်တဲ့ ပြစ်ဒဏ်မ ဟုတ်ကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကာလက ကလပ်စံချိန်တင် ပေါင် သန်း ၄၄၀ အသုံးပြုခဲ့ပြီး ဗြိတိန်ပူးတွဲပြောင်းရွှေ့ကြေး အမြင့်ဆုံးအဖြစ် အန်ဇိုဖာနန်ဒက်ဇ်ကို ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘန်းစတိန်းဟာ မန်စီးတီးအသင်းဥက္ကဋ္ဌအဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၁-၁၃ ခုနှစ်တွေအကြား FA ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .