“ဖရီးကစ်သွင်းဂိုးအများဆုံးမှတ်တမ်းနဲ့ ပိုမိုနီးစပ်လာတဲ့ မက်ဆီ”
29 Sep
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဟာ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံး မှတ်တမ်းကို ပိုင်ဆိုင်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ မက်ဆီ ဟာ ကိုလံဘတ်စ်ခရူနဲ့ပွဲစဉ် ၃၃ မိနစ်မှာ အသင်းအတွက် ချေပဂိုးကို ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဟာ ကစားသမားဘဝ ဖရီးကစ်ဂိုး ၇၆ ဂိုး ရှိလာပြီး ဒုတိယနေရာမှာ ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ဘောလုံးသမိုင်းမှာ ဖရီးကစ်ဂိုးအများဆုံးအဖြစ် ဘရာဇီးလ်ကစားသမားဟောင်း မာဆယ်လင်ညို က ၇၈ ဂိုးနဲ့ စံချိန် တင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီ အနေနဲ့ ဖရီးကစ်သွင်းဂိုးအများဆုံးမှတ်တမ်းကို မကြာခင်မှာ ပိုင်ဆိုင် နိုင်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတယ်။ မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းနဲ့ နောက်ဆုံးခုနစ်ပွဲမှာ ဖရီးကစ် သွင်းဂိုး လေးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီ ရဲ့ အင်တာမိုင်ယာမီအသင်းက ကိုလံဘတ်စ်ခရူအသင်း နဲ့ပွဲစဉ်မှာ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးပေးခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ (NVS 008)