“အစ္စရေး က အိုင်ယာလန်အသင်းထက် ဆယ်ဆပိုသာတယ်လို့ တုံ့ပြန်ပြောကြားခဲ့တဲ့ ဆော်လမွန်”

29 Sep

အစ္စရေးအသင်းခေါင်းဆောင် မာနော်ဆော်လမွန် က အိုင်ယာလန်အသင်းနဲ့ Nations League ပွဲက ဖြစ်ရပ်များပေါ်ပေါက်လာပြီးနောက် မိခင်နိုင်ငံအစ္စရေးက အိုင်ယာလန်ထက် ဆယ်ဆပိုသာတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အိုင်ယာလန်အသင်းဟာ အစောပိုင်းက ယင်းပွဲ မကစားဖို့အထိ ဖိအားပေးခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ အိုင်ယာလန်အသင်းက ပွဲကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ပွဲမစခင်မှာလည်း အစ္စရေးအသင်းကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အိုင်ယာလန်အသင်းက အစ္စရေးနိုင်ငံတော်သီချင်း သီဆိုချိန် ခေါင်းငိုက်စိုက်ချထားခြင်း၊ လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆန်ခြင်း၊ လက်ပတ်အနက် ဝတ်ဆင်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ ဆော်လမွန် ကိုယ်တိုင်လည်း ပြိုင်ဘက်အသင်းခေါင်းဆောင် ဒါရာအိုရှေး ရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခြင်းကို ခံခဲ့ရပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .