“တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်မည်”

29 Sep

၂၀၂၆ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်း ကျင်းပမည့် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် လက်ခံရရှိ ထားသော စာရင်းများအရ မီးပုံးပျံစုစုပေါင်း ၅၄၁ လုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပြိုင်ပွဲ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ မီးပုံးပျံများအနက် ညလွှတ်မီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး ၆၇ လုံးနှင့် စိန်နားပန် ၃၉ လုံး၊ စုစုပေါင်း ၁၀၆ လုံးပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား ၂၂၉ လုံး၊ ခြေလေး ချောင်းအမျိုးအစား ၁၃၃ လုံးနှင့် အရုပ်အုပ်စု ၇၃ လုံး၊ စုစုပေါင်း ၄၃၅ လုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ ညလွှတ်မီးပုံးပျံ ၁၀၆ လုံးနှင့် နေ့လွှတ်အရုပ်မီးပုံးပျံ ၄၃၅ လုံးအပါအဝင် မီးပုံးပျံ စုစုပေါင်း ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ရိုးရာမီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းကြီး၌ နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .