“ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲကျင်းပမည်”

29 Sep

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရှေးဟောင်းဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာလ ၂၀ ရက်မှာကျင်းပမည်ဖြစ်ကြောင်း စေတီတော် မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။ ဆရာတော်၊ သံဃာတော် ၉၀၀ ပါးက စေတီတော်မြတ်ကြီးကို အနေကဇာတင်လှူပူဇော်သွားမှာဖြစ်ကာ သံဃာ ၉၀၀ ပါးနှင့် သီလရှင် ၁၀၀ ပါးတို့ကိုနေ့ဆွမ်းဆက်ကပ်လှူဒါန်းသွားမှာဖြစ်ပြီး မွန်းတည့် ၁၂ နာရီခွဲမှာ ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာသို့ လာရောက်တဲ့ဧည့်ပရိတ်သတ် ၁၀,၀၀၀ ကို စတုဒီသာများနဲ့ တည်ခင်းဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ အလှူရှင် များအနေနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သံယာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် စတုဒီသာ၊ ရေသန့်၊ အအေး၊ မုန့်နှင့် ဆေးဝါးများလှူဒါန်းနိုင်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .