“ညောင်ဦးမြို့နယ်မှာ လတ်တလောဖြစ်ပေါ်နေသော ရာသီဥတုသတိပေးချက်များအရ ကြိုတင်ပြင်ဆင်”

29 Sep

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လတ်တလောဖြစ်ပေါ်နေသော ရာသီဥတုသတိပေးချက်များ အရ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၏ မြို့နယ်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၈ ရက်နံနက် ၉ နာရီမှစတင်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ ရေစုပ်စက်များနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး Assault Boat များ ရေပြင်အသင့်ချထားခြင်း၊ စက်နှိုးစမ်းသပ်ခြင်း၊ အသင့်စုဖွဲ့လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ မြို့နယ်အတွင်း ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာပါက ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်း ၁၉၁ နှင့် ရုံးဖုန်း ၀၆၁ ၂၄၆၀၁၉၁ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .