“ကမ္ဘောဒီးယားရှိ ပြည်နယ် ၁၀ ခု၌ ရေကြီးနစ်မြုပ်မှုကြောင့် လူထောင်နှင့်ချီ၍ ဘေးကင်းရာသို့ရွှေ့ပြောင်း”

29 Sep

ကမ္ဘောဒီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ မိသားစု ၄၄,၈၈၉ စုထိခိုက်ခဲ့ပြီး မိသားစု ၃,၆၈၅ စုမှာ ကုန်းမြင့်ဒေသဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားသည်။ ပြည်နယ် ၁၀ ခုတွင် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဆော့ကင်ကိုလ်မိုနီက ပြောကြားသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ဘက်တမ်ဘန်း၊ ဘန်တေးမီးချီနှင့် ဆီရမ်ရိပြည်နယ်တို့မှာ ထိခိုက်မှုအများဆုံး ပြည်နယ်များဖြစ်ပြီး နေအိမ် ၄၀,၃၈၄ လုံးနှင့် စပါးခင်း ၄၉,၉၂၅ ဟက်တာ ထိခိုက်ခဲ့ရကြောင်းသိရသည်။ လက်ရှိ ဖြစ်ပွားနေသည့် ရေကြီးမှုမှာ အဓိကအားဖြင့် ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

29 Sep

ADVERTISE HERE .