“ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့မှာ ငွေတံဆိပ်တစ်ခုထပ်မံရရှိ၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာအသင်း”
28 Sep
တရုတ်နိုင်ငံ ယွမ်လင်မြို့မှာ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနဂါးလှေလှော် ပြိုင်ပွဲမှာ မြန်မာနိုင်ငံအသင်းအနေနဲ့ စက်တင်ဘာလ ၂၅ ရက်က ငွေတံဆိပ်တစ်ခု၊ စက်တင်ဘာလ ၂၆ ရက်က ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပြီး စက်တင်ဘာလ၂၇ ရက်တွင် ငွေတံဆိပ်တစ်ခု ထပ်မံရရှိကာ စုစုပေါင်း ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခုရရှိခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့ နောက်ဆုံးပွဲစဉ် အမျိုးသားအလွတ်တန်း (၁၀)တက်လှော် ကီလိုမီတာ ၁၄,၀၀၀ မာရသွန်နဂါးလှေလှော်ပြိုင်ပွဲမှာ ယူကရိန်း နိုင်ငံအသင်းက ပထမ၊ မြန်မာနိုင်ငံအသင်းက ဒုတိယနှင့် အိမ်ရှင်တရုတ်နိုင်ငံအသင်းက တတိယရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံအသင်းက တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် ယွမ်လင်မြို့မှ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)