“နောက်ဆုံး ၃၉ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ စပိန်အသင်း”

28 Sep

UEFA Nations League ပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ စပိန်အသင်းဟာ အင်္ဂလန်ကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အတူ အနိုင်ရရှိခဲ့ပါတယ်။ စပိန်အသင်းအနေနဲ့ နောက်ဆုံး ၃၉ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ပွဲပေါင်း ၃၀ အထိ အနိုင်ရရှိခဲ့ပါတယ်။ စပိန်အသင်းနောက်ဆုံးရှုံးခဲ့တဲ့ပွဲက ၂၀၂၄ မတ်လအတွင်းက ကစားခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ပွဲစဉ် ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်းအနေနဲ့ နောက်ဆုံး ၈ ပွဲဆက် အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အာဂျင်တီးနား၊ အင်္ဂလန် စတဲ့ထိပ်သီးပြိုင်ဘက်တွေ ပါဝင်ခဲ့ပါတယ်။ လက်ရှိ FIFA အဆင့်သတ်မှတ်ချက်အရ အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ စပိန်အသင်းဟာ အခု UEFA Nations League ပြိုင်ပွဲမှာလည်း ချန်ပီယံဆု အတွက် ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .