“အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်း”

28 Sep

၂၀၂၆ အမျိုးသမီးယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက ဒုတိယအကြိမ်မြောက်အဖြစ် ဗိုလ်စွဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ စပိန်အသင်းဟာ လက်ရှိချန်ပီယံ မြောက်ကိုရီးယားအသင်းနဲ့ ဆုံတွေ့ခဲ့ပြီး သာမန်ပွဲကစားချိန်အပြီးထိ ဂိုးမရှိသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ကန်ရာမှာ ၄ ဂိုး ၃ ဂိုးနဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ စပိန်အသင်းဟာ ပြိုင်ပွဲနောက်ဆုံးလေးကြိမ်မှာ ဗိုလ်လုပွဲသုံးကြိမ်တက်ခဲ့ပြီး ၂၀၂၂ ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးမှာ ၂၀၂၄ အမျိုးသမီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့တဲ့ ကစားသမားအများအပြား ပါဝင်ခဲ့ပြီး အဲဒီတုန်းကတော့ မြောက်ကိုရီးယားက စပိန်အသင်းကို ပယ်နယ်တီနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။ နောက်ဆုံးဆယ်စုနှစ်အတွင်း စပိန်အသင်းဟာ အမျိုးသမီးဘောလုံးလောကကို လွှမ်းမိုးထားပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ကြိမ်၊ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်၊ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၂၆ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု၊ ဂိုးအများဆုံးဆု၊ ဂိုးသမားဆုတွေကို စပိန်အသင်းသားတွေကပဲ ဆွတ်ခူးခဲ့ ပါတယ်။ မြောက်ကိုရီးယားအသင်းက အခုပြိုင်ပွဲမှာ ပေးဂိုးလုံးဝမရှိခဲ့ပေမဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ ရပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .