“ဒဏ်ရာကြောင့် ပြင်သစ်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အမ်ဘာပေ”

28 Sep

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေ ဟာ တူရကီကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ အမ်ဘာပေ ဟာ ပွဲချိန် ၅၄ မိနစ်မှာ အနိုင်ဂိုးကို ကန်သွင်းရာမှ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေ အနေနဲ့ ဂိုးသွင်းပြီးနောက် ကနဦးကုသမှုခံယူပြီးနောက် ကွင်းထဲပြန်ဝင်လာပေမယ့် ချက်ချင်းလဲကျကာ လူစားလဲခဲ့ရပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အမ်ဘာပေ အနေနဲ့ အရွတ်ဒဏ်ရာရရှိခဲ့ပြီး အသင်းလေ့ကျင့်ရေး စခန်းကနေ ထွက်ခွာသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ နည်းပြသစ် ဇီဒန်း ကတော့ အမ်ဘာပေရဲ့ဒဏ်ရာအခြေအနေဟာ အားရစရာသိပ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေ ဟာ အခုသွင်းဂိုး နဲ့အတူ ပြင်သစ်အသင်းအတွက် ၆၇ ဂိုးအထိ ရှိလာခဲ့ပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .