“မန်စီးတီးအသင်းကနေ နစ်နာကြေးတောင်းဖို့ ပရီးမီးယားလိဂ်ကလပ်များ ကြိုးပမ်းနေ”
28 Sep
ပရီးမီးယားလိဂ်ကလပ်တွေဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တဲ့ စွဲချက် ၁၁၅ ခုနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီးအသင်းကနေ နစ်နာကြေးရဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အဆိုပါအသင်းတွေဟာ မန်စီးတီးအသင်းရဲ့ စွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်မလာခင် အစောပိုင်းကတည်းက ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တခြားပရီးမီးယားလိဂ်ကလပ်တွေကို အသိပေး ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကော်မရှင်က ကလပ်ဒါရိုက်တာတွေပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုထံ အီးမေးလ်နဲ့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ဆုံးဖြတ်ချက် မထုတ်ပြန်ခင်အထိ လျှို့ဝှက်ချက်များ ထိန်းသိမ်းရေး သဘောတူညီမှုတစ်ခုကိုလည်း လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။ (NVS 008)
28 Sep