“ပညာဘူမိတက္ကသိုလ်သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများကြွရောက်”

28 Sep

ပါမောက္ခချုပ်ဆရာတော်ကြီး တည်ထောင်ထားတော်မူတဲ့ ပညာဘူမိတက္ကသိုလ်အား စက်တင်ဘာလ ၂၆ ရက် မှာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ ကြွရောက်ကြည့်ရှုတော်မူခဲ့ကြပါတယ်။ ပညာဘူမိတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်ဆရာတော်များမှ ပညာဘူမိတက္ကသိုလ်နှင့် သာသနာပြု လုပ်ငန်းများ၊ တက္ကသိုလ်ဆိုင်ရာများကို လျှောက်ထားခဲ့ကြပါတယ်။ တက္ကသိုလ်စတင်ခဲ့တဲ့ ၅ နှစ်တာအတွင်း တက္ကသိုလ်၏ ဌာန ၅ ခုဖြစ်သော အနုဂ္ဂဟဌာန၊ ကျမ်းစာဌာန၊ စာကြည့်တိုက်ဌာန၊ ပညာရေးဌာန၊ စာအုပ်ထုတ်ဝေ ရေးဌာနအသီးသီး၏ ဆောင်ရွက်ချက်များ၊ ပါရဂူကျမ်းစာ ၇ ကျမ်းနှင့် MA ကျမ်းစာ ၃၄ ခုအထိ ပြုစုပြီးတဲ့ ကျမ်းစာ ဌာန၏လုပ်ဆောင်မှုများ၊ တက္ကသိုလ်ပညာရေးနာယကအဖွဲ့၊ တက္ကသိုလ်အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့၊ ဧည့်ပါမောက္ခဝင်များကို လျှောက်ထားခဲ့ကြပါတယ်။ တက္ကသိုလ်မှာ လေ့လာသင်ယူကာ ကျမ်းစာရေးသားပြုစုနေကြတဲ့ ဆရာတော်၊ သံဃာတော်၊ ရဟန်း ရှင်လူပုဂ္ဂိုလ် ၈၄,၆၃၉ ဦးနှင့် အတန်းလိုက်ဦးရေများ၊ ကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားများနှင့် ဒီပလိုမာမှ အစပြု၍ MA နှင့် ပါဠိပါရဂူများ၊ ပညာဘူမိတက္ကသိုလ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး နာယကများနှင့်အဖွဲ့ဝင်များ၊ ၎င်းတို့၏ ဆောင်ရွက်ချက်များကိုလည်း လျှောက်ထားခဲ့ကြပါတယ်။ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များမှ ဩဝါဒများချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်ပုရိဝုဏ်၊ တက္ကသိုလ် စာကြည့်တိုက်အတွင်း ထိန်းသိမ်းထားရှိတဲ့ နှစ်ရာကျော်သက်တမ်းရှိ ပေစာ၊ ပုရပိုက်များ၊ လူဦးရေ ၁,၀၀၀ ကျော်ဆံ့ ဘွဲ့နှင်းသဘင်ခန်းမ၊ တက္ကသိုလ်ဆိုင်ရာဌာန ၅ ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို မေးမြန်းတော်မူခဲ့ကြောင်း သိရပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .