“ယာဉ်အို/ယာဉ်ဟောင်းများကို EV ဖြင့် အစားထိုးတင်သွင်းခွင့်ပြု”

28 Sep

ထုတ်လုပ်တဲ့နှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်တဲ့ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်လွန်ပေမယ့် မိမိဆန္ဒအလျောက်အပ်နှံလိုတဲ့ ယာဉ်အို/ယာဉ်ဟောင်းများကို လျှပ်စစ်သုံးယာဉ်(EV)များနဲ့ အစားထိုးတင်သွင်းခွင့်ပြု လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ သိရပါတယ်။ အဆိုပါအစီအစဉ်ကို မေလ ၂၈ ရက်မှာ အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)သို့ ယာဉ်အို/ယာဉ်ဟောင်းများအပ်နှံကာ EV နဲ့ အစားထိုးတင်သွင်းရန် လာရောက်လျှောက်ထားသူ များအနက် ပထမအသုတ်အဖြစ် ယာဉ် ၃၄ စီးအတွက် တင်သွင်းခွင့်ပါမစ်များ စတင်ထုတ်ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း စက်သုံးဆီထုတ်ယူသုံးစွဲထားရှိတဲ့ အပိုဒ်(၁)ပါ ယာဉ်အို/ယာဉ်ဟောင်းများကို ပြန်လည်အပ်နှံပါက EV များနဲ့ အစားထိုးတင်သွင်းခွင့်ကို လစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယာဉ်အို/ ယာဉ်ဟောင်းများကို ကညနသို့ အပ်နှံပြီး EV ဖြင့် အစားထိုးတင်သွင်းလိုသူများအတွက် သတ်မှတ်ချက်များနှင့်အညီ တင်သွင်းခွင့်ပါမစ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .