“လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံမှာ ရေကျပြီးနောက် တင်ကျန်ခဲ့တဲ့ နုံးများ ရှင်းလင်း”

28 Sep

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ၌ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်းသို့ ရေကျော်ဝင်ရောက်ခဲ့သဖြင့် လေးမျက်နှာမြို့ပြည်သူ့ဆေးရုံမှာ ရေကျသွားပြီးနောက် တင်ကျန်ခဲ့တဲ့ နုံးများကို စက်တင်ဘာလ ၂၇ ရက်မှာ ရှင်းလင်းခဲ့ကြကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ နေရာ၌ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ပြီး တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့ရာမှ ရေကျော်စီးဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရေဝင်ရောက်ခဲ့တဲ့ လေးမျက်နှာမြို့ပြည်သူ့ဆေးရုံမှာ ရေကျဆင်းသွားပြီးနောက် တင်ကျန်ခဲ့တဲ့ နုံးများနှင့် အညစ်အကြေးများကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးနှင့် လေးမျက်နှာမြို့နယ် မီးသတ်စခန်း တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .