“လောင်းလုံးမြို့ပေါ်ရပ်ကွက် ၄ ခုမှ ရေဘေးသင့်ပြည်သူ ၈,၄၃၁ ဦးရှိနေ”

28 Sep

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ စက်တင်ဘာလ ၂၆ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ တောင်ပြိုခြင်းနှင့် ချောင်းရေများမြင့်တက်ခြင်းတို့ကြောင့် နေအိမ်အချို့အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုရေဝင်ရောက်ခြင်းကြောင့် လောင်းလုံးမြို့ရှိ ရပ်ကွက် ၄ ခုမှ ရေဘေးသင့်ပြည်သူ ၈,၄၃၁ ဦးကို လုံခြုံရေး အဖွဲ့ဝင်များက ရေဘေးလွတ်ကင်းတဲ့ ပန်တောဝဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် ရေဝင်ရောက်နေတဲ့ နေအိမ်အချို့မှာ နေထိုင်သူများကလည်း ရေဘေးလွတ်ကင်းတဲ့ နေရာများသို့ ၎င်းတို့ အစီအစဥ်နဲ့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။ (NVS 008)

28 Sep

ADVERTISE HERE .