“ယူကရိန်းအနေဖြင့် စစ်ပွဲရှုံးနိမ့်ပြီးဖြစ်ဟု ပြောရေးဆိုခွင့်ရှိသူဟောင်းဝေဖန်”

28 Sep

ယူကရိန်းနိုင်ငံသည် ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် ရှုံးနိမ့်ပြီးဖြစ်ကြောင်း၊ သို့သော် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ သည် စစ်ပွဲကိုဆက်လက်ဆင်နွှဲရန် မူဝါဒများ ဆက်လက်ကျင့်သုံးနေကြောင်း ယူကရိန်းသမ္မတ ရုံးမှ ပြောရေးဆိုခွင့်ရှိသူဟောင်းတစ်ဦးဖြစ်သည့် ယူလီယာမန်ဒယ် ကဝေဖန်လိုက်သည်။ ယူကရိန်းနိုင်ငံအနေဖြင့် လာမည့်နှစ်ဘတ်ဂျက်အတွက် နိုင်ငံတကာမှချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ ဘီလီယံလိုအပ်နေပြီး လက်ရှိတွင် ဒေါ်လာ ၂၀ ဘီလီယံခန့်သာ အတည်ပြုထားနိုင်ကြောင်း မန်ဒယ် က လူမှုကွန်ရက်တွင်တင်ထားသည်။ ထို့ပြင် ယူကရိန်းနိုင်ငံသည် ၂၀၂၆ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ ၂၇ ဘီလီယံခန့် လိုငွေပြမှုနှင့်လည်း ရင်ဆိုင်နေရကြောင်း မန်ဒယ် ကဆိုသည်။ ယူကရိန်းအစိုးရတွင် ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ခိုင်မာသည့်အစီအစဉ်မရှိဘဲ အနောက်နိုင်ငံများကပေးသည့် ဘဏ္ဍာရေးအကူအညီကိုသာ ဆက်လက် မျှော်လင့်နေသည်ဟုလည်း ၎င်းက ဝေဖန်ထားသည်။ မန်ဒယ် သည် ဇီလန်စကီ ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

28 Sep

ADVERTISE HERE .