“ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆုဆွတ်ခူး”

27 Sep

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ မြန်မာအသင်းက ငွေတံဆိပ်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားအလွတ်တန်း ရှစ်တက်လှော် မီတာ ၂,၀၀၀ ပြိုင်ပွဲတွင် မြန်မာ အသင်းက ငွေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ်ကို အိမ်ရှင်တရုတ်အသင်းနှင့် ကြေးတံဆိပ်ကို အင်ဒိုနီးရှား အသင်းတို့က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အမျိုးသားနှင့်အမျိုးသမီး ရှစ်တက်လှော် မီတာ ၂,၀၀၀ ပြိုင်ပွဲ၌ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စတုတ္ထ နေရာတွင်သာ ရပ်တည်ခဲ့တဲ့အတွက် ဆုတံဆိပ်နှင့်လွဲချော်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ ရုရှားအသင်းက ငွေတံဆိပ်၊ တရုတ်အသင်းက ကြေးတံဆိပ်ဆုများ အသီးသီးရယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းက အမျိုးသား အလွတ်တန်း ၁၀ တက်လှော် မီတာ ၅၀၀၊ အမျိုးသားအလွတ်တန်း ရှစ်တက်လှော် မီတာ ၅၀၀၊ အမျိုးသားနှင့် အမျိုးသမီး ရှစ်တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ ထို့အတူ မြန်မာအသင်းက မီတာ၂၀၀ အမျိုးသားအလွတ်တန်း၊ အမျိုးသားနှင့်အမျိုးသမီးပြိုင်ပွဲများတွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

27 Sep

ADVERTISE HERE .