“ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုနှင့် အမေရိကန်လက်ဝှေ့သမား စတီဗင်ဆွန် တို့ထိုးသတ်ရန် Netflix ရုပ်သံကုမ္ပဏီကြားခံဆွေးနွေးနေ”

27 Sep

ဖိလစ်ပိုင်ထိပ်တန်း လက်ဝှေ့သမား ပက်ကွီအိုနှင့် အမေရိကန် လက်ဝှေ့သမား စတီဗင်ဆွန် တို့ထိုးသတ်ရန် Netflix ရုပ်သံကုမ္ပဏီက ကြားခံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း Source Boxing သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ Netflix ရုပ်သံကုမ္ပဏီက လာမည့် ဒီဇင်ဘာလ ၁၁ ရက် ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့တွင် ထိုးသတ်မည့် ဗြိတိန် လက်ဝှေ့သမားများဖြစ်သည့် တိုင်ဆန်ဖြူရီ နှင့် အန်သိုနီဂျိုရှုအာ တို့ပွဲစဉ်တွင် ပက်ကွီအို နှင့် စတီဗင်ဆွန် တို့ တွဲဆိုင်း ကိုပါ ထည့်သွင်းကျင်းပလိုတဲ့အတွက် ကြားခံဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိ ပက်ကွီအို က ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝတွင် ၆၈ ပွဲနိုင်၊ ရှစ်ပွဲရှုံး သုံးပွဲသရေ ရလဒ် ထွက်ပေါ်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲစဉ်အဖြစ် ၂၀၂၅ ခုနှစ် ဇူလိုင်လက အမေရိကန်လက်ဝှေ့သမား ဘာရီယို နှင့်ထိုးသတ်ခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ အသက် ၂၉ နှစ်ရှိ စတီဗင်ဆွန် ကလည်း နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၃၁ ရက် က တစ်နိုင်ငံတည်းသား တီအိုဖီမို နှင့် ထိုးသတ်ခဲ့ရာ ဒိုင်အမှတ်ဖြင့် အနိုင်ရပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ၂၅ ပွဲတွင် ၂၅ ပွဲလုံး အနိုင်ရရှိထားကြောင်း သိရပါတယ်။(NVS 008)

27 Sep

ADVERTISE HERE .