“ယူအီးအက်ဖ်အေက ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ စံချိန်တင်ပြောင်းရွှေ့ကြေးများကို ထိန်းချုပ်ရန် ကြိုးပမ်း”
27 Sep
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများ၏ စံချိန်တင် ပြောင်းရွှေ့ကြေးများကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ကစားသမားခေါ်ယူမှုများတွင် စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးစရိတ်များအား အသုံးပြုခဲ့ပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်အတွက် ရိုက်ခတ်မှုများရှိလာနိုင်တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ထိန်းချုပ်ရန်အတွက် စတင် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများ၏ ပြောင်းရွှေ့ကြေးအသုံးစရိတ်က ယူရို ၄ ဒသမ ၆ ဘီလီယံအထိရှိခဲ့ပြီး တခြားထိပ်တန်းလိဂ် ပြိုင်ပွဲများဖြစ်သည့် စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူးပြိုင်ပွဲတို့အပါအဝင် စုစုပေါင်း ပြိုင်ပွဲရှစ်ခု ထက်ပင် များပြားနေတဲ့အတွက် ယူအီးအက်ဖ်အေက ထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)