“ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးနှင့် မန်စီးတီးအသင်း ရင်ဆိုင်နေရ”

27 Sep

မန်စီးတီးအသင်းက ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ပြင်းထန် သည့် ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့ကြောင်း စွဲချက် ၁၁၅ ချက်ဖြင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လွတ်လပ်သည့် စုံစစ်ဆေးရေးကော်မရှင်(Independent Commission)ထံ တိုင်ကြားခဲ့ပြီးနောက် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ၁၁၄ ချက်မှာ ဘဏ္ဍာစည်းမျဉ်းချိုးဖောက်မှုများနှင့် ငြိစွန်းခဲ့ သည်ဟု လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့အတွက် မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယား လိဂ်အဖွဲ့ချုပ်၏ ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့သည့် စွဲချက် ၁၁၅ ချက်ကို လွတ်လပ်သည့်စုံစမ်း စစ်ဆေးရေးကော်မရှင်က ကာလရှည်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှုအပိုင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အချက်ပေါင်းများစွာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်မှုများဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ လိဂ်-၂ ပြိုင်ပွဲသို့ တန်းဆင်းပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေတဲ့အပြင် ဘဏ္ဍာစည်းမျဉ်းချိုးဖောက်ခဲ့သည့် ကာလများဖြစ်သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ဆွတ်ခူးခဲ့သည့် ပရီးမီးယားလိဂ်ဖလားများအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကိုပါ လက်လွှတ်ရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။(NVS 008)

27 Sep

ADVERTISE HERE .