“မက်ဆီ၏ နောက်ဆုံးဂုဏ်ပြုပွဲစဉ်အတွက် လက်မှတ်များအားလုံး နှစ်နာရီအတွင်း ရောင်းချနိုင်ခဲ့ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်”
27 Sep
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မက်ဆီ၏ နောက်ဆုံးဂုဏ်ပြုပွဲစဉ်အဖြစ် ကစားမည့် အာဂျင်တီးနား အသင်းနှင့် ဘီနင်အသင်းတို့ပွဲစဉ်အတွက် လက်မှတ်အားလုံး နှစ်နာရီအတွင်း ရောင်းချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မက်ဆီ အနေနဲ့ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အာဂျင်တီးနားအသင်း ကစားသမားဘဝ အနားယူကြောင်း အတည်ပြုကြေညာခဲ့သော်လည်း အာဂျင်တီးနားအသင်း ကစားသမားဘဝ နောက်ဆုံးဂုဏ်ပြုပွဲစဉ်အဖြစ် အောက်တို ဘာလ ၆ ရက်တွင်ကစားမည့် ဘီနင်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်မှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ဘီနင်အသင်းနှင့် ပွဲစဉ်မတိုင်မီ ဘိုလီဗီးယား၊ ဘာကီနာဖာဆိုအသင်းတို့နှင့် ခြေစွမ်းပွဲကစားရန်ရှိသော်လည်း အဆိုပါပွဲစဉ်နှစ်ပွဲတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ အားကစားကွင်းအတွင်း ပရိသတ်တစ်ဝက်သာ ဝင်ခွင့်ပေးထားသည့်ပြစ်ဒဏ်ကြောင့် မက်ဆီ၏ဂုဏ်ပြုပွဲစဉ်ကို ပရိသတ်ကွင်းလုံးပြည့် ဝင်ရောက်ကြည့်ရှုနိုင်မည့် ဘီနင်အသင်းနှင့် ပွဲစဉ်မှသာ ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)