“ယူကရိန်းစစ်ရေးပဋိပက္ခအဆုံးသတ်ရေး အဆိုပြုချက်များအတွက် လမ်းဖွင့်ပေးထားကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား”

27 Sep

လေးနှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ရေး ပဋိပက္ခအဆုံးသတ်နိုင်ရေး အဆိုပြုချက်အားလုံး အတွက် ရုရှားနိုင်ငံက လမ်းဖွင့်ပေးထားကြောင်း ရုရှားသမ္မတ ပူတင် က စက်တင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ သို့ရာတွင် ရုရှားနိုင်ငံအတွက် မည်သည့်အဆိုပြုချက်မျိုးမှာ အကောင်းဆုံးဖြစ်မည်ကို အကဲဖြတ်ဆန်းစစ်ရန် လိုအပ်ဆဲဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က စိန့်ပီတာစဘတ်မြို့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့သည်။ ရုရှားလွှတ်တော်ရွေးကောက်ပွဲများ ပြီးဆုံးပြီးနောက် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် စတင်ရန် မိမိတို အသင့်ရှိကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲကာလအတွင်း မော်စကိုမြို့နှင့် မဲရုံများကို တိုက်ခိုက် ခဲ့သည့်အတွက် ယူကရိန်းကို ပြန်လည်လက်တုံ့ပြန်မည်ဖြစ်ကြောင်း သမ္မတ ပူတင် က သတိပေး ပြောကြားထားသည်။ ရုရှားတပ်များသည် ယူကရိန်းပစ်မှတ်များကို ညပိုင်းကာလများတွင်သာ အများအားဖြင့် တိုက်ခိုက်ခဲ့ သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကိယက်ဗ်မြို့နှင့် အခြားမြို့ကြီးများကို နေ့ပိုင်းကာလများတွင်ပါ မောင်းသူမဲ့ဒရုန်းယာဉ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်လာခဲ့သည်။ လက်ရှိတွင် ရုရှားတပ်များသည် ယူကရိန်းနိုင်ငံ တစ်နိုင်ငံလုံး၏ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားကြောင်းသိရသည်။

27 Sep

ADVERTISE HERE .