“လေဗာကူဆင်အသင်းက အီဘရာဟင်မာဇာ အား စာချုပ်သက်တမ်းတိုးရန်စီစဉ်”

26 Sep

လေဗာကူဆင်အသင်းက ကွင်းလယ်ကစားသမား အီဘရာဟင်မာဇာ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂ဝ အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမား အီဘရာဟင်မာဇာ ဟာ လေဗာကူဆင်အသင်း နှင့်အတူ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၉ ပွဲကစားပြီး ခြောက်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အီဘရာဟင်မာဇာ ဟာ အသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်းနှင့် စာချုပ်ကိစ္စလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာဖြစ်တယ်လို့ လေဗာကူဆင်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 008)

26 Sep

ADVERTISE HERE .