“အာဂျင်တီးနားအသင်းမှာ ဆက်ရှိသွားမယ်လို့ဆိုတဲ့ နည်းပြ စကာလိုနီ”
26 Sep
အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီ က မိမိအနေဖြင့် အသင်းမှထွက်ခွာမည်ဆိုသော သတင်းများက ကောလာဟလများသာဖြစ်ပြီး အသင်းမှာသာဆက်ရှိသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ နည်းပြ စကာလိုနီ က အာဂျင်တီးနားအသင်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃ ရက်က စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၁ဝ၄ ပွဲမှာ ၇၆ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၁၀ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ခဲ့သလို အာဂျင်တီးနားအသင်းကို ၂ဝ၂၂ ကမ္ဘာ့ဖလားဆွတ်ခူး ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြ စကာလိုနီ က အာဂျင်တီးနားအသင်းနဲ့အတူ အောင်မြင်မှုများစွာလည်း ထပ်မံရယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)
26 Sep