“နိုင်ငံတကာသွင်းဂိုး ၆၄ ဂိုးအထိရှိလာတဲ့ ဟာလန်း”
26 Sep
နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟာလန်း ဟာ ဒေသတွင်းပြိုင်ဘက် ဒိန်းမတ်အသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၆၄ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဟာလန်း အနေနဲ့ ပရိုကစားသမားဘဝတစ်လျှောက် ဒိန်းမတ်အသင်းနဲ့ ၂ ပွဲရင်ဆိုင်ခဲ့ဖူးပြီး သွင်းဂိုး ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း ဟာ နော်ဝေအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားပြီး စံချိန်ပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းအနေနဲ့ Nations League ၁၇ ပွဲကစားခဲ့ရာမှာလည်း သွင်းဂိုး ၂၀ အထိ သွင်းယူထားပါတယ်။ ဟာလန်း ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက နော်ဝေလက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၃ ရာသီဆက် ရယူနိုင်ခဲ့တဲ့ ဟာလန်း အနေနဲ့ ဒီရာသီမှာလည်း ဂိုးသွင်းဘုရင်ဆု အတွက် ရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။(NVS 008)