“နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဟာဗက်ဇ်”

26 Sep

ဂျာမနီအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမား ဟာဗက်ဇ် ဟာ နယ်သာလန်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဟာဗက်ဇ် အနေနဲ့ ဘောလုံးလက်ခံရရှိရန် ကြိုးပမ်းနေချိန်မှာ နယ်သာလန်ညာနောက်ခံလူ ဒမ်ဖရီးစ် ရဲ့ ကြမ်းတမ်းတဲ့ကစားဟန်ကြောင့် ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲချိန်မိနစ် ၃၀ မှာ အသင်းဖော် အက်နော်တယ်လစ် နဲ့ ဟာဗက်ဇ် လူစားလဲခံခဲ့ရပါတယ်။ ဟာဗက်ဇ် ရဲ့ဒူးဒဏ်ရာက ပြင်းထန်နိုင်ပြီး ကာလအတန်ကြာ အနားယူရဖွယ်ရှိကြောင်းလည်း ခန့်မှန်း ထားပါတယ်။ အခုအခြေအနေက အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။ အခုရာသီမှာ ဟာဗက်ဇ် ဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးအဖြစ် အဓိကဦးဆောင်နေသူဖြစ်ပါတယ်။(NVS 008)

26 Sep

ADVERTISE HERE .