“ဆုရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူး ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား”
26 Sep
နိုင်ငံတော်အနေဖြင့် ထူးချွန်သူများအတွက်ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်လျက်ရှိသလို ဆုရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူးရမည်ဖြစ်ကြောင်း၊ ကျောင်းပြီး သွားပါက နိုင်ငံတော်ကိုသစ္စာရှိပြီး မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေ လိုပြီး နိုင်ငံတော်အပေါ် လုပ်ကျွေးပြုစုရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ပြောကြား ခဲ့ပါတယ်။ စက်တင်ဘာလ ၂၅ ရက်တွင် ပြုလုပ်သည့် နေပြည်တော် ရုံးအမှတ် (၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ခြောက်ဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရပါတယ်။(NVS 008)