“တရုတ်သမ္မတနှင့် အမေရိကန်သမ္မတတို့ ဝါရှင်တန်မြို့၌ ထိပ်သီးဆွေးနွေးပွဲ ကျင်းပ”

26 Sep

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် စက်တင်ဘာလ ၂၄ ရက်တွင် ဝါရှင်တန်မြို့ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု တရုတ်အစိုးရသတင်းမီဒီယာများက သတင်းထုတ်ပြန် ထားကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များသည် လူ့ဉာဏ်ရည်တုနည်းပညာ၊ ကုန်သွယ်ရေး၊ တရုတ်(တိုင်ပေ)ကိစ္စ၊ အီရန်စစ်ရေးပဋိပက္ခတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဝါရှင်တန်ထိပ်သီးဆွေးနွေးပွဲတွင် မိမိနှင့် သမ္မတ ဒေါ်နယ်ထရမ့် တို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ထိန်းကျောင်းပေးနိုင်မည့် ဘုံနားလည်မှုတစ်ရပ် ရယူနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲအပြီးတွင် တရုတ် သမ္မတ ရှီကျင့်ဖျင် က ထုတ်ဖော်ပြောကြားထားသည်။ စက်တင်ဘာလ ၂၄ ရက် ဝါရှင်တန်ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တရုတ်နှင့် အမေရိကန်နှစ်ဖက်လုံးက ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါထိပ်သီးဆွေးနွေးပွဲ၌ တရုတ်သမ္မတနှင့် အမေရိကန်သမ္မတတို့သည် အေပက်ထိပ်သီးညီလာခံနှင့် ဂျီ-၂၀ ထိပ်သီးညီလာခံတို့ကို အိမ်ရှင်များ အဖြစ် လက်ခံကျင်းပရာတွင် တစ်ဖက်နှင့်တစ်ဖက် အားပေးကူညီရန် သဘောတူခဲ့ကြကြောင်း တရုတ်မီဒီယာများ၏ အဆိုအရ သိရသည်။

26 Sep

ADVERTISE HERE .