“ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အဲရစ်ဆင်”
25 Sep
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင် ဟာ ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဲရစ်ဆင် ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်၊ ဘရန့်ဖို့ဒ်နဲ့ မန်ယူအသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲယှဉ်ပြိုင်စဉ် နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ဖူးသူဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြောင့် ၈ လ ဝန်းကျင် အနားယူခဲ့ရသလို၊ အင်တာမီလန်အသင်းနဲ့လည်း လမ်းခွဲခဲ့ရပေမယ့် အဲရစ်ဆင်က ကစားသမားဘဝက အနားမယူခဲ့ပါဘူး။ အဲရစ်ဆင်က နှလုံးအကူစက် တပ်ဆင်ကာ ဘောလုံးဆက်ကစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လက ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း ထပ်မံလဲကျခဲ့တာကြောင့် ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲရစ်ဆင် က ၂၀၂၅ နွေရာသီမှာ ဝုဖ်ဘတ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုး နိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုဖ်ဘတ်အသင်းအတွက် ၃၄ ပွဲကစားအပြီးမှာ လမ်းခွဲခဲ့တာဖြစ်ပြီး မိသားစုနဲ့ နီးနီးကပ်ကပ် ရှိနေပေးဖို့ လိုအပ်တာကြောင့်ဖြစ်ကြောင်း အဲရစ်ဆင် က အကြောင်းပြချက်ပေးခဲ့ပါတယ်။ (NVS 008)