“ဒက်ကလန်ရိုက်စ်နဲ့ ဘန်ဝှိုက် တို့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ အာဆင်နယ်အသင်း”

25 Sep

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ နောက်ခံလူ ဘန်ဝှိုက်တို့ကို နိုင်ငံတကာ ရက်သတ္တပတ်မှာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားနှစ်ဦးစလုံးကို အာဆင်နယ်အသင်းက သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒက်ကလန်ရိုက်စ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၈ မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်း က ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဘန်ဝှိုက် ကတော့ ၂၀၂၄ ခုနှစ်ကမှ ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ ဘန်ဝှိုက် က အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ဒက်ကလန်ရိုက်စ်နဲ့အတူ သက်တမ်းတိုးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .