“ဒမ်ဘီလီ၊ ရာဘီယူနဲ့ ခွန်ဒဲ တို့ကို ဒုတိယအသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ပေးခဲ့တဲ့ နည်းပြ ဇီဒန်း”

25 Sep

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဇီဒန်း က ဒမ်ဘီလီ၊ ရာဘီယူနဲ့ ခွန်ဒဲတို့ကို ဒုတိယအသင်း ခေါင်းဆောင်တွေအဖြစ် တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး အမ်ဘာပေ က အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိသွားမှာ ဖြစ်ပြီး အမ်ဘာပေ မကစားနိုင်တဲ့ပွဲစဉ်တွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ ဇီဒန်း က ဒမ်ဘီလီ၊ ရာဘီယူနဲ့ ခွန်ဒဲ တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဇီဒန်းက အတွေ့အကြုံအရင့်ကျက်ဆုံးကစားသမားတွေကို ရွေးချယ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ပြင်သစ် လက်ရွေးစင်အဖြစ် တိုက်စစ်ကစားသမား ဒမ်ဘီလီ က ၆၇ ပွဲ၊ ကွင်းလယ်ကစားသမား ရာဘီယူက ၆၆ ပွဲ၊ နောက်ခံလူ ခွန်ဒဲ က ၅၆ ပွဲ ကစားထားပါတယ်။ အခုကစားသမားသုံးဦးက လက်ရှိပြင်သစ်အသင်းရဲ့ လူစာရင်းမှာ အမ်ဘာပေ နောက် ပွဲအများဆုံးကစားသမားတွေဖြစ်ကြောင်းလည်း သိရပါတယ်။ ပြင်သစ်အသင်းက အခုနိုင်ငံတကာရက်သတ္တပတ်မှာ တူရကီ၊ ဘယ်လ်ဂျီယံ၊ အီတလီတို့နဲ့ Nations League ပွဲစဥ် ၄ ပွဲ ယှဥ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .