“ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရတဲ့ ယိုဟို”

25 Sep

မန်ယူအသင်းရဲ့ နောက်ခံလူ ယိုဟို ဟာ ပြင်သစ်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပြင်သစ်အသင်းရဲ့ နည်းပြသစ် ဇီဒန်းက Nations League ပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးရွေးချယ်ခဲ့ရာမှာ ယိုဟို ပါဝင်ခဲ့ခြင်းမရှိပေမယ့် ရီးရဲလ်နောက်ခံလူ ကိုနာတေး ဒူးဒဏ်ရာရရှိသွားတာကြောင့် ယိုဟို ကို အစားထိုး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလမှာ အသက် ၂၁ နှစ်ပြည့်မယ့် ယိုဟို က သက်တမ်းအလိုက် ပြင်သစ် အသင်းတွေနဲ့ အိုလံပစ်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ အခုမှ ပထမဆုံး အကြိမ် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .