“လာလီဂါကလပ်အသင်းများက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဂါနာချို”

25 Sep

လာလီဂါကလပ်အသင်းတွေက အက်စတွန်ဗီလာအသင်းမှာ နေရာမရဖြစ်နေတဲ့ အာဂျင်တီးနားတောင်ပံ ကစားသမား ဂါနာချို ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂါနာချို ဟာ လူငယ်ကစားသမားဘဝကို ဂီတာဖေးအသင်းနဲ့ အက်သလက်တီကို အသင်းတွေမှာ ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် အခုလိုစိတ်ဝင်ခြင်း ခံနေရတာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ မန်ယူအသင်းက ပေါင် ၄၀၀၀၀၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၅ နွေရာသီမှာ ချဲလ်ဆီးအသင်းဆီ ပေါင်သန်း ၄၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းအတွက် တစ်ရာသီသာ ကစားခဲ့ရပြီးနောက် ဒီနှစ် နွေရာသီမှာ အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။ ဂါနာချိုက အက်စတွန်ဗီလာအသင်းမှာ လူစားဝင်ကစားသမားအဖြစ်သာ ရှိနေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ ချဲလ်ဆီးအသင်းက ဂါနာချိုကို အပြီးသတ်ရောင်းထုတ်လိုခြင်း မရှိတာကြောင့် ဇန်နဝါရီစျေးကွက်မှာ လာလီဂါကလပ်အသင်းတွေဆီ အငှားချဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .