“လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရမည်”

25 Sep

လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုရန် ခွင့်ပြုတဲ့ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း က စက်တင်ဘာလ ၂၄ ရက်မှာ ကျင်းပ တဲ့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်ပါတယ်။ လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုသည့်ကိစ္စရပ်များက လယ်ယာမြေစီမံခန့်ခွဲမှုနှင့် တိုက်ရိုက် သက်ဆိုင်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေ၍ အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရ အခြားနည်းနဲ့ အသုံးပြုရန်ခွင့်ပြုပြီးတဲ့ကိစ္စရပ်များအပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လယ်မြေနှင့်လယ်မြေမှတစ်ပါး လယ်ယာမြေများကို အခြားနည်းနဲ့အသုံးပြုရန် လျှောက်ထားလာတဲ့ကိစ္စရပ်များနှင့် ခွင့်ပြုမိန့်မရမီ ကြိုတင်အသုံးပြုထားတဲ့ လုပ်ငန်းများနှင့်ပတ်သက်၍လည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .