“Yangon AMATA Smart and Eco City (YASEC) စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေး”
25 Sep
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက AMATA Corporation Public Company Limited ၏ Chief Marketing Officer နှင့် Yangon AMATA Smart and Eco City Ltd., ၏ Managing Director ဖြစ်သူ Mr. Yasuo Tsutsui ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာလ ၂၄ ရက်မှာ မြန်မာသံရုံး၊ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ Yangon AMATA Smart and Eco City (YASEC) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ AMATA Corporation Public Company Limited မှ တင်ပြ ဆွေးနွေးခဲ့ပြီး စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်မည့် အလားအလာကောင်းများကို ရှာဖွေဖော်ထုတ်နိုင်ရေး နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ခြင်းလည်းဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ AMATA Corporation Public Company Limited ဘက်မှ မြန်မာနိုင်ငံမှာ ဆောင်ရွက်ဆဲကိစ္စရပ်များအပေါ် အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း သိရပါတယ်။ မြန်မာသမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်နိုင်ငံအကျိုးတူဖြစ်ထွန်းရေးကိစ္စများ၊ မြန်မာရွှေ့ပြောင်းလုပ်သားကိစ္စများအပေါ် မြန်မာသံရုံးဘက်မှ တွန်းအားပေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 008)